Social Media

Monday, September 24, 2018

Hacksaw Ridge(2016)မြန်မာစာတန်းထိုး


စစ်ခုံရုံးတစ်ခု ….ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်…
စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ…
စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် …
သို့သော်တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်…
သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် …
အားပေးမှုတွေလုပ်မယ် …
ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ…
စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ …
ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း
ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် …
Ratingမြင်ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်…
နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာ
တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honorဆုကိုရသွားတယ် …
ဒီစစ်သည်လေးဟာ သူ့ရဲ့ ပုံမှန်ထက်ပိုတဲ့ယုံကြည်ချက်ကြောင့် ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ အများကြီးပါပဲ …
ချစ်သူ မိဘ ရဲဘော်ရဲဘက် အထက်ခေါင်းဆောင်အရာရှိတွေကြားမှာပေါ့…
ပြီးတော့ ဒီဇတ်ကားထဲမှာမင်းသား Andrew Garfield၊မင်းသမီးTeresa Palmer၊
မင်းသား Sam Worthingtonအခြား နာမည်ကျော်ဇာတ်ပို့များပါလေတော့ သရုပ်ဆောင်ပိုင်းထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်
Screen playပိုင်းဆိုရင် အထူးသဖြင့်ဒုတိယ ကမ္ဘာစစ်အတွင်းထိချက်ပြင်း 7.62မမကျည်ဆန်ရဲ့ အသားတွေပေါ်ဖောက်ထွက်ပုံတွေ
အမြောက် ကျည်ဆန်တွေထိဖြာပုံတွေကဝေဖန်ရေးဆရာတွေရဲ့ချီးကျူးခံရလောက်အောင် လန်းလွန်းတယ်…
.ကဲ ပရိတ်သတ်ကြီးရေ ရေးတာလည်းများပြီဗျာ IMDBကလည်း 8.6ဆိုတော့
ကျွန်တော်ညွန်းတာ ဟုတ်မဟုတ်ကတော့စောင့်သာကြည့်လိုက်ပါဦးလို့


DOWNLOAD HD


About My Tube

we are certified themeforest Developers, Google blogspot developer and UI designers. We are popular at JavaScript engineers. We are team of professinal programmers, developers work together and make unique blogger templates.

0 comments:

Post a Comment

Copyright © All Rights Reserved ™

Blog Templates Designed by: Templatezy / Sb Game Hacker