အက်ရှင်ကားတွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူအတွက် Hotel Artemisလာပါပြီ Trailer မှာကြော်ငြာထဲကလုံးဝအကြမ်း အမိုက်စားဇာတ်ကားလေးဆိုတာကြည့်ခဲ့ဖူးတွေသိမှာဖြစ်ပါတယ် မကြည့်ဖူးတဲ့သူဆိုရင်လဲ ဒီဇာတ်ကားလေးကိုလုံးဝသဘောကျသွားစေဖို့အာမခံပါတယ်
လော့အိန်ဂျလစ်မြို့ မှာရေသန့်တွေကိုဖြတ်တောက်လိုက်တဲ့အတွက်လူထုအုံကြွမှုတွေဖြစ်ပြီးအဓိကရုဏ်းတွေဖြစ်နေကြပါတယ် ထိခိုက်မှုတွေဒဏ်ရာရမှူတွေဖြစ်တိုင်း လူကောင်းဆိုရင်ဆေးရုံသွားလို့ရပေမယ့်လူဆိုးဆိုရင်တော့Hotel Artemisကိုသွားကြပါတယ် ဟိုတယ်မှာစည်းကမ်းတွေနဲ့ အသင်းဝင်ထားတဲ့သူတွေပဲနေထိုင်လို့ရပါတယ် ဆရာဝန်အဖွားကြီးနဲ့ လူထွားကြီးတို့ကဆေးရုံကိုဦးဆောင်ပြီးလူဆိုးတွေကိုကုသပေးပါတယ် ရဲတွေလုံးဝလက်မခံလူနာအချင်းချင်းသတ်ခွင့်မပြု စတဲ့စည်းကမ်းတွေနဲ့ Hotel Artemis ကြီးကိုဖွဲ့စည်းထားပါတယ် ဆရာဝန်မကြီးမစ္စသောမတ်စ်ဟာဟိုတယ်ထဲကနေဟိုတယ်အပြင်ကို၂၂နှစ်ကြာအောင်မထွက်ခဲ့ပါဘူးအပြင်လောကကိုထိတွေ့ရမှာအရမ်းကြောက်သူပါ ဒါပေမဲ့ မိုဆိုတဲ့ရဲကဟိုတယ်ရှေ့မှာမစ္စသောမတ်နာမည်ကိုခေါ်ပြီးလဲကျသွားတော့ လော့အိနိဂျလိစ်မြို့ ကြီး မှာသောင်းကျန်းသူတွေရှိတာတောင်ထွက်သွားခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ ဆေးရုံကိုပိုင်တဲ့ လူဆိုးကြီးဝံပုလွေဘုရင်ကလဲဒဏ်ရာရလို့ရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲဟိုတယ်ထဲမှာဒဏ်ရာရပြီးရောက်နေတဲ့လူဆိုးထဲမှာလဲ ဝံပုလွေဘုရင်နဲ့ပတ်သက်တဲ့သူရှိနေပါတယ်ဆရာဝန်မကြီးမှာအရင်ကသားတစ်ယောက်ရှိခဲ့ဖူးပါတယ်ဒါပေမဲ့ဆရာဝန်မကြီးရဲ့သားကဝံပုလွေဘုရင်ရဲ့ကားကိုယူလိုက်ပါတယ် ဝံပုလွေဘုရင်ကသူ့ပစ္စည်းကိုယူတဲ့သူတိုင်းပင်လယ်ထဲမှာသတ်ပစ်လေ့ရှိပါတယ် ဒါကိုသိသွားတဲ့ဆရာဝန်မကြီးကလူဆိုးကြီးကိုသတ်ပစ်မလား ဆေးရုံ စည်းကမ်း နဲ့အညီမသတ်ပဲထားမလား ဆေးရုံထဲကတခြားလူနာတွေကရောဒီဆေးရုံကနေအေးဆေးထွက်သွားနိုင်မလားဆိုတာဆက်လက်ကြည့်ရှုပေးကြပါဦးနော်


0 comments:
Post a Comment