Mechanic Resurrection 2016 ဒီဇာတ်ကားဟာ 2011ခုနှစ်က ထွက်တဲ့ The Mechanic ဇာတ်ကားရဲ့ အဆက်(sequel)ဖြစ်ပါတယ် The Mechanic (2011)တုန်းက အဲ့ဒီနာမည်နဲ့ပဲ 1972ခုနှစ်ကထွက်တဲ့ဇာတ်ကားကို Remake(ပြန်ရိုက်)လုပ်ခဲ့ခြင်းဖြစ်ပြီး ဘတ်ဂျက်အနေနဲ့ 40 million $ အသုံးပြုခဲ့ကာ Box Office မှာ 76.3 million $ ရရှိခဲ့ပါတယ် အခု 2016မှာ ထွက်တဲ့ Mechannic Resurrectionဇာတ်ကားကတော့ အရင်ဇာတ်ကားစံချိန်ကိုချိုးပြီး 40 million $ အသုံးပြုကာ 125.7 million $ အထိ ရရှိအောင်မြင်ခဲ့တဲ့ မင်းသားကြီး Jason Stathamရဲ့ Action,Adventure,Crime အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကျော် ကျွမ်းကျင်လုပ်ကြံ သတ်ဖြတ်ရေးသမား Arthur Bishop တစ်ယောက် The Mechanic (2011) ဇာတ်ကားမှာတုန်းက သူ့ရဲ့သေဆုံးမှုကို အတုအယောင်ဖန်တီးပြီး ရီယိုဒီဂျနေရိုးမှာ ဆန်တိုးစ်(Santos)ဆိုတဲ့ နာမည်နဲ့ ဇာတ်မြှုပ်ပြီး သွားရောက်နေထိုင်နေရာကနေ သူ့ အကြောင်းကို သိနေတဲ့ Renee Tran()ဆိုတဲ့ မိန်းမချောလေးတစ်ယောက် ရောက်လာပြီး ခက်ခဲတဲ့ လုပ်ကြံသတ်ဖြတ်မှုကို Bishop ဆီလာကမ်းလှမ်းရာကနေ စပါတယ် Renee ကမ်းလှမ်းတာက ဒိတ်ဒိတ်ကြဲ မှောင်ခိုသမား အကြမ်းဖက်သမား သုံးယောက်ကို မတော်တဆဖြစ်သလိုမျိုး လုပ်ကြံသတ်ဖြတ်ပေးဖို့ ဖြစ်ပါတယ် ဒါပေမယ့် ကမ်းလှမ်းမှုကို လက်မခံရင် သူ့ ကို အပြတ်ရှင်းပစ်မယ့် အစီအစဉ်ကိုသိသွားတဲ့ Bishop တစ်ယောက် Reene တို့ အဖွဲ့ကို ပြန်လည်တိုက်ခိုက်ပြီး ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ပါတော့တယ် ပုန်းခိုရာ နေရာဟောင်း ထိုင်းနိုင်ငံကမ်းခြေရောက်တဲ့ အခါ အသင့်စောင့်ကြိုနေတဲ့ သူငယ်ချင်း Mei(Michelle Yeoh) ဆီမှာနေရင်း Reene Tranတို့ အကြောင်း စုံစမ်းကြည့်တဲ့အခါ သူ့ ကို အလုပ်ခိုင်းတဲ့သူဟာ ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းမှာ အတူကြီးပြင်းပြီး ဂိုဏ်းခေါင်းဆောင်ဆီ ဒုစရိုက်မှုတွေလုပ်ကိုင်ဖို့  အတူတူရောင်းစားတာ ခံခဲ့ရတဲ့ ငယ်ပေါင်းကြီးဖော် Riah Crainဖြစ်နေမှန်း သိသွားပါတယ် ဒီလိုနဲ့ မဖြစ်မနေ လုပ်ပေးရဖို့ အတင်းအကျပ်ဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ Bishopတစ်ယောက် လုပ်ကြံမှုသုံးခုကို မတော်တဆပုံစံနဲ့ အောင်မြင်အောင် လုပ်နိုင်မလား. . . ဇာတ်ကားလေးကို ဆက်လက်ခံစားပေးပါ ခင်ဗျာ
DOWNLOAD HD
နမူနာကြည့်ရန်


0 comments:
Post a Comment