ညအိပ်ခါနီးကျမှအေးဆေးကြည့်ကြပါ
Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက
လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ်
ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့
သူဟာသူသတ်ချင်တဲ့သူကို
အိပ်မက်ထဲမှာသတ်လိုက်ဆိုရင်
အပြင်မှာ တကယ်သေသွားရတယ်….
သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ….
အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ်
သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး
လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူး
ဇာတ်လမ်းအကျဉ်း :
ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး
ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက်
လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့
ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်..
တကယ်လိုခံစားနေရတဲ့အကြောင်း
လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့်
သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ
အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး
သန့်စင် ခန်းထသွားခဲ့တယ်
တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့
ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ်
နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်..
တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့
ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ..
ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို
နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့
စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့
ဆက်လက်ကြည့်ရှုခံစားကြပါ


0 comments:
Post a Comment