၁၉ရာစုက အိုင်ယာလန်လူမျိုးတွေဟာ တိုင်းတစ်ပါးမှာစစ်သွားတိုက်နေတဲ့အချိန် သူတို့တိုင်းပြည်မှာ အစာငတ်မွတ်ခေါင်းပါးမှုနဲ့ကြုံခဲ့ရပါတယ်..အရက်သေစာသောက်စားပြီး စည်းကမ်းမရှိတာကြောင့် အငတ်ဘေးသင့်ခဲ့ရတဲ့ အိုင်းရစ်ရှ်တွေကို ဗြိတိသျှတွေက စိုးမိုးပါတော့တယ်...မြေရှင်တွေက ဆင်းရဲသားတွေဆီက မြေတွေကို မတရားသိမ်း..တရားသူကြီးတွေက အပြစ်သေးသေးမွှားမွှားလေးကို ကြိုးပေးတာ...စတာမျိုးတွေနဲ့ အိုင်းရစ်ရှ်တွေကိုဖိနှိပ်နေခဲ့တယ်...
ဒီမှာ..တိုင်းတစ်ပါးကစစ်တိုက်ပြီးပြန်လာတဲ့ အိုင်းရစ်ရှ်သားတစ်ယောက်ဟာ သူ့အမိမြေကိုပြန်လာတဲ့အခါ အမေဖြစ်သူကလည်း သေဆုံးသွားပြီး ညီကလည်း ကြိုးပေးကွက်မျက်ခံခဲ့ရပါတယ်...
ဒါကြောင့် ဗြိတိသျှတွေကို လက်စားချေဖို့ကြိုးစားတဲ့အခါ..
တစ်ဖက် ဗြိတိသျှဘက်မှာလည်း အင်္ဂလန်မြေက လက်မခံတော့လို့ အိုင်ယာလန်ကိုလာပြီးအမှုထမ်းနေရတဲ့ ခပ်ကြမ်းကြမ်း အင်စပက်တာ ကြီးနဲ့ အိုင်းရစ်ရှ်သားကို လိုက်လံဖမ်းဆီးပါတော့တယ်...
Gold Channel


0 comments:
Post a Comment