Action ကား ကြိုက်တဲ့သူတွေအတွက် ဒီကားလေးဟာလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ကားလေးပါပဲ...
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Commander တစ်ယောက်ဖြစ်ပြီး mission တွေမှာ အောင်မြင်မှုတွေရထားတဲ့ Jake ကို Archibald ဆိုတဲ့ အဘိုးကြီးက လျှို့ဝှက်mission တစ်ခုကိုလုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်...
ဒါပေမယ့် Jake က Archibald ရဲ့ မကောင်းတဲ့ရာဇဝင်ကိုသိထားတဲ့အတွက်ငြင်းဆန်ခဲ့တယ်..
ဒီမှာ Archibald က Jake ရဲ့ ငယ်စဉ်ဘဝက ကောင်မလေးဖြစ်တဲ့ Jade ကိုရန်ပြုပါတော့တယ်...
ကြေးစားစစ်တပ်ရဲ့ ခေါင်းဆောင် Smudge အပြင် နောက်ထပ် ကြေးစားလူသတ်သမားတစ်ဦးဖြစ်တဲ့ Trigger ကိုငှါးပြီး Jakeကိုရှင်းပစ်ဖို့ကြိုးစားပါတော့တယ်...
လက်နက်မမျှ လူအင်အားမမျှပေမယ့် ရန်သူတွေလက်ထဲရောက်နေတဲ့ သူ့ကောင်မလေးကို Jake တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ action sceneကောင်းကောင်းတွေနဲ့ကြည့်ရှုရမှာပါ...


0 comments:
Post a Comment