Social Media

Tuesday, October 9, 2018

Pee Mak Phrakanong ( 2013 ) Bluray 5.1CH မြန်မာစာတန်းထိုး



IMDb Rating(7.4/10) ထိရရှိထားပြီး
 အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့ 
ထိုင်းဇာတ်ကားဖြစ်ပါတယ်။
အခု ပြန်လည်းခံစားလို့ရအောင် 
bluray 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်
ရုပ်ရှင်အညွှန်းကိုတော့ R Ker ရေးထားတာသဘောကျလို့ 
သူ့အမြင်ကို ညွှန်းလိုက်ပါတယ်။

Pee Mak နဲ့ Nak ရဲ့ အချစ်မှာ Pee Mak ရဲ့အချစ်က
 ပိုပြီး " အခရာ "ကျတယ် ..
" ပိုပြီးအရေးပါအရာရောက်တယ် " လို့ 
ကျွန်တော်ထင်တယ် ..
ဒါကြောင့်ပဲ ဇာတ်လမ်းနာမည်ကိုက Nak မဟုတ်ပဲ 
" Pee Mak " ဖြစ်နေတာပေါ့ ..
Pee Mak ကသာ Nak ကို တကယ်မချစ်ရင် 
သူတို့  နှစ်ယောက်ကို ခွဲနေကြတဲ့ 
သူငယ်ချင်းလေးယောက်နဲ့ အတူ Pee Mak က
ထွက်ပြေးမှာပေါ့ ..

သို့ တည်းမဟုတ် Pee Mak က Nak ကို 
" သရဲမကြီး !!!!! " လို့ အော်ပြီး Nak နဲ့ ဝေးရာကို 
ရှောင်ပြေးပုန်းရှောင်ဖို့ ကြိုးစားမှာပေါ့ ..
 အဲ့လိုသာဆို အဲ့ဇာတ်လမ်းထဲမှာ Pee Mak က Nak ကို
ရှောင်ပြေးရင်း Nak တစ်ယောက်က
 အချစ်ရူးမကြီးဖြစ်ပြီး သူ့ ကို တကယ်မချစ်တဲ့ Pee Mak ကို 
လိုက်ပြီး သတ်ဖြတ်လုပ်ကြံဖို့ 
ကြိုးစားရင်းနဲ့  တကယ့်ကြောက်စရာသရဲကား 
Drama အသည်းနာစရာ 
အလွမ်းအဆွေးဇာတ်ကားကြီးဖြစ်သွားမှာပေါ့ .. 
အလိုလိုနေရင်း Nak တစ်ယောက်ကလည်း
 လူတွေအမြင်မှာ သရဲမကြီး အပြင် လူဆိုးမကြီး ဖြစ်သွားမှာပေါ့ ..

ဒါဆိုရင် အဲ့လိုဇာတ်လမ်းကြီးကို
လူတွေကြိုက်ပါ့မလား ???
ပရိတ်သတ်ကို 
ဆွဲဆောင်နိုင်တဲ့ပြကွက်တွေ ဖြစ်ပါ့ဦးမလား ???

သေချာကြည့်ရင် ဇာတ်လမ်းထဲမှာက
 ဇာတ်လမ်းတစ်ဝက်နားလောက်ထိကို
Nak က " Pee Mak သူ့ ကို တကယ်ချစ်ရဲ့လား " 
ဆိုတဲ့ သင်္ကာမကင်းမျက်လုံးလေးတွေနဲ့ ကြည့်နေခဲ့တာလေ ...

တကယ့်ဇာတ်လမ်းထဲမှာကတော့ Pee Mak ရဲ့ 
အချစ်ကို ဖော်ကျူးပြီး ..Pee Mak က ..
သရဲတော့ကြောက်ပေမယ့် Nak မရှိမှာကို ပိုကြောက်တယ် "..
" Nak သေသွားရင် Pee Mak လည်း မနေနိုင်ဘူး .. 
သူလည်းလိုက်သေမယ် " ..
" Nak က သရဲမ မှန်းသိပေမယ့်လည်း
အရသာမရှိတဲ့သစ်ရွက်ခြောက်တွေကို
 ကြိတ်မှိတ်မြိုသိပ်စားသောက်ရင်း Nak အနားမှာ အမြဲရှိနေမယ် "
ဆိုတဲ့ အချစ်စစ်ကိုဖော်ကြူးတဲ့ 
ပြကွက်တွေကြောင့်သာ ဇာတ်လမ်းကြည့်ရှုသူပရိတ်သတ်အပေါင်းကို ဇာတ်ကားတစ်ကားလုံးရဲ့ 
ဟိုးအထွဍ်အထိပ်ဆီကို ခေါ်ဆောင်သွားနိုင်တာပါ .. 
ဇာတ်လမ်းရဲ့ဆိုလိုရင်းက
အချစ်စစ်သာစစ်မှန်ရင် ဘယ်သူတွေက 
ဘယ်လိုပဲ ချစ်သူနှစ်ဦးကို ဝေးကွာအောင်ခွဲနေပါစေ .. 
ကာယကံရှင်နှစ်ဦးလုံးရဲ့ အချစ်ကသာ 
စစ်မှန်ခဲ့ရင် ပေါင်းစပ်ဆုံဆည်းနိုင်တယ်ဆိုတာပါပဲ " ..

Pee Mak က ချစ်တတ်လွန်းလို့  Nak က 
မချစ်တတ်ပါဘူး .. မချစ်ဘူးလို့ လည်း မဆိုလိုဘူးနော် .. 
နောက်ဆုံး Nak ကို သရဲမကြီးမှန်း အားလုံးသိသွားပြီး 
Pee Mak ကို သူတို့ နဲ့ အတူ 
ရှောင်ပြေးဖို့ တိုက်တွန်းနေတဲ့ 
သူငယ်ချင်းလေးယောက်ရဲ့ စကားကိုနားမထောင်ပဲ .. 
လိုက်မသွားပဲ .. ထွက်မပြေးပဲ ငိုနေတဲ့ Pee Mak ရဲ့
 မျက်နှာပေါ်က မျက်ရည်တွေကို" Nak " က
 ဇောက်ထိုးကြီးမှာတောင် 
သူ့ ရဲ့ လက်အရှည်ကြီးနဲ့  Pee Mak ရဲ့ မျက်ရည်တွေကို 
သုတ်ပေးခဲ့တယ် မဟုတ်ပါလား ???
ကျွန်တော်ကတော့ ယုံကြည်တယ် .. 
Pee Mak ကြည့်ပြီး
 ရယ်တဲ့သူထက် ငိုတဲ့သူက ပိုများမယ်ဆိုတာ ..
တကယ်တော့ Pee Mak ဇာတ်လမ်းက
 လူတွေခေါင်းစဉ်တပ်သလို
" အဲ့သရဲကား အရမ်းရယ်ရတယ် သွားကြည့်ပါလား ??? "ဆိုပြီး
 ပြောတာမျိုးဟာ" အဲ့ဒီအချစ်ကားလေး အရမ်းကောင်းတယ်
 သွားကြည့်ပါ့လား " လို့ 
ပြောတာထက်စာရင် ဟာသဆိုတာကို
 နာမည်ခံသုံးပြီး အချစ်ကားလို့ မပြောချင်တဲ့လူတွေကသာ
 ဟာသကားလို့ ပြောကြတာထင်တာပဲ .. 
တကယ်တော့ Pee Mak ကားထဲက 
ဟာသပြကွက်တွေဆိုတာ ရင်ထဲစွဲကျန်လောက်ေ
အာင်ဘာမှမဟုတ်ပါဘူး .. 
အခုပြန်တွေးကြည့်ရင် ပြန်ပြီးမြင်ယောင်နေမိတာကတော့ 
ဟာသပြကွက်တွေထက် 
အချစ်နဲ့ ပတ်သတ်တဲ့ပြကွက်နဲ့ 
စကားလုံးတွေပိုများမှာပါ ..ဟာသဆိုတာက
 ဒီဇာတ်ကားမှာ " နှမ်းဖြူးတယ် " 
ဆိုရုံလောက်လေးလို့ ပဲ ပြောရမလား ?

ဒီဇာတ်ကားရဲ့ တကယ့်အနှစ်သာရ 
အချစ်လောက်အရေးမပါတဲ့ပြကွက်တွေလို့ ပဲ ပြောရမလား ?
 ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ဖူးသူတိုင်း 
ဇာတ်လမ်းကို ပြန်မြင်ယောင်တောင့်တကြည့်တာနဲ့ 
တင်သိနိုင်ပါတယ် ..

( ရုပ်ရှင်အညွှန်းကို R Ker's FB Page မှကူးယူဖော်ပြပါသည်။)


DOWNLOAD HD


About My Tube

we are certified themeforest Developers, Google blogspot developer and UI designers. We are popular at JavaScript engineers. We are team of professinal programmers, developers work together and make unique blogger templates.

0 comments:

Post a Comment

Copyright © All Rights Reserved ™

Blog Templates Designed by: Templatezy / Sb Game Hacker