Social Media

Tuesday, October 16, 2018

S.M.A.R.T Chase (The Shanghai Job) (2017)မြန်မာစာတန်းထိုး


S.M.A.R.T Chase (The Shanghai Job) (2017)
======================================
ပထမတစ်ကြိမ်တုန်းက အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့
အလွတ်တန်းလုံခြုံရေးအေးဂျင့် ဒန်နီစတက်တန်ဟာ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ အခွင့်အရေးတစ်ခု ထပ်မံရရှိခဲ့ပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံရဲ့ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုကို ရှန်ဟိုင်းကနေ လန်ဒန်ကို ပို့ဆောင်ပေးဖို့ပါပဲ။

ဒုတိယတစ်ကြိမ်မှာလည်း ထပ်မံလုယက်ခံရပြန်တာကြောင့် သူ့ရဲ့အဖွဲ့ဝင်တွေနဲ့အတူ ရန်သူတွေနောက် လိုက်ပြီး ပစ္စည်းပြန်ရဖို့ သက်စွန့်ဆံဖျားကြိုးပမ်းခဲ့ပါတယ်။ အဲဒီမှာ သူသိလိုက်ရတာက အခုသူတို့လိုက်နေတဲ့ ရန်သူတွေဟာ ပထမတစ်ခေါက်က သူတို့ဆီကနေ ဗန်ဂိုးပန်းချီကားလုယူသူတွေနဲ့ တစ်ဖွဲ့တည်း ဆိုတာပါပဲ။

အဲဒါကြောင့် ဒန်နီတစ်ယောက် အရင်ကကျဆင်းခဲ့ရတဲ့ သူ့တို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ အတွက် အဲဒီအဖွဲ့နောက်ကို ရေကုန်ရေခန်း လိုက်ပြီး လုယူခံလိုက်တဲ့ ပစ္စည်းတွေကို ပြန်ယူဖို့ ကြိုးပမ်းပါတော့တယ်။ အောင်မြင်ခါနီးမှ ချစ်ရသူရဲ့ အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်ခံရတာကြောင့် ချစ်သူနဲ့ ဂုဏ်သိက္ခာကြား ရွေးချယ်ရဖို့ ဖြစ်လာပါတယ်။

အဲဒီလိုနဲ့ ဒန်နီတစ်ယောက် သူရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ပါ့မလား၊ ချစ်သူကိုရော ကယ်ဆယ်နိုင်ပါ့မလားဆိုတာကို အဖွဲ့လိုက် တက်ညီလက်ညီ လှုပ်ရှားရင်ဆိုင်ပုံတွေနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ အက်ရှင်ဇာတ်လမ်းဆိုပေမဲ့ ခပ်မြူးမြူးနဲ့ ခပ်မိုက်မိုက်သီချင်းတွေ သုံးထားပြီး အက်ရှင်မကြိုက်တဲ့သူတွေတောင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ချင်စရာ ဖြစ်စေမယ့် ဇာတ်လမ်းမျိုးပါ။ (တရုတ်မင်းသမီးတွေလည်း လှပါတယ် 😜)

S.M.A.R.T Chase ကို ယူကေမှာ The Shanghai Job ဆိုတဲ့နာမည်နဲ့လည်း သိကြပါတယ်။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင် ဒန်နီအဖြစ် နာမည်ကျော် အင်္ဂလိပ်မင်းသားချော အော်လန်ဒိုဘလွန်း (Orlando Bloom) က ပါဝင်သရုပ်ဆောင်ထားပြီး တခြား တရုတ်ရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Cherry Mon ဖြစ်ပါတယ်။)


#ChannelMyanmar


DOWNLOAD HD


About My Tube

we are certified themeforest Developers, Google blogspot developer and UI designers. We are popular at JavaScript engineers. We are team of professinal programmers, developers work together and make unique blogger templates.

0 comments:

Post a Comment

Copyright © All Rights Reserved ™

Blog Templates Designed by: Templatezy / Sb Game Hacker