ဟိုးရှေးရှေးတုန်းကပေါ့…..
နက်ရှိုင်းတဲ့ ပင်လယ်အဏ္ဏ၀ါကြီးထဲမှာ
ရေဘုရင်ကြီး၊ ဘုရင်မကြီးနဲ့ ရေသူမမင်းသမီးလေး ၆ပါး
နေထိုင်ခဲ့ကြတယ်
ရေသူမလေးတွေဟာ သူတို့ရဲ့ အသက် ၁၅နှစ်ပြည့်မွေးနေ့မှာ
ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ်
ပင်လယ်ရေမျက်နှာပြင်ပေါ် တစ်ရက်တိတိ
လည်ပတ်ခွင့်ရကြသတဲ့
ဒီလိုနဲ့ တစ်နေ့ကျတော့ ၆ယောက်မြောက်
အငယ်ဆုံးရေသူမလေးရဲ့ ၁၅နှစ်ပြည့်မွေးနေ့ ရောက်လာခဲ့ပါရော...
တိုက်ဆိုင်တယ်လို့ဆိုရမလား…..
အဲဒီ့နေ့မှာပဲ အငယ်ဆုံးရေသူမလေးဟာ
သင်္ဘောပျက်ပြီးရေထဲကျလာတဲ့
မင်းသားလေးတစ်ပါးကိုကယ်တင်ရင်း တမ်းတမ်းစွဲချစ်မိသွားခဲ့တယ်
ဘယ်လောက်ထိချစ်မိသွားလဲဆိုရင်
မင်းသားလေးရှိရာ ကုန်းမြေပေါ်ကိုလိုက်သွားဖို့
မှော်ဆရာကြီးတစ်ယောက်ကို အကူအညီတောင်းမိပြီး
လူသားတွေလို ခြေထောက်နှစ်ဖက်ရလာအောင်
သူ့ဝိဉာဉ်နဲ့ အလဲအထပ်လုပ်ပါ့မယ်လို့ ကတိပေးခဲ့မိတယ်
အကယ်၍ သူမသာ မင်းသားလေးနဲ့မဆုံဆည်းဖြစ်ခဲ့ရင်
နောက်ထပ်အချစ်စစ်အချစ်မှန် မတွေ့မချင်း
သူမရဲ့ဝိဉာဉ်က မှော်ဆရာကြီးရဲ့ ထာဝရအကျဉ်းသားအဖြစ်
နေပေးပါ့မယ်တဲ့
ဒါပေမယ့်….. ရေသူမလေး ကုန်းပေါ်ရောက်လာချိန်မှာ
မင်းသားလေးက ချစ်သူရှိနှင့်ခဲ့ပြီလေ
သနားစရာရေသူမလေးခမျာ ချစ်ဦးသူကိုဆုံးရှုံးရတဲ့အပြင်
သူမရဲ့ဝိဉာဉ်ကို မှော်ဆရာကြီးဆီ ထာဝရ
အပ်နှင်းလိုက်ရတော့တာပေါ့
ကဲ….. အချစ်ကိုဦးစားပေးခဲ့တဲ့
ရေသူမလေးရဲ့ဘ၀ကံကြမ္မာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ
ပရိသတ်ကြီး သိချင်နေရောပေါ့
The Little Mermaid (2018) ဟာ
ကြားဖူးကြည့်ဖူးနေကျ ရေသူမပုံပြင်တွေ၊
ဇာတ်လမ်းတွေနဲ့ မတူကွဲထွက်နေတဲ့အပြင် သားသားမီးမီးတွေ၊
တူတူမလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်
ကြည့်ရှုအားပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့်
အခုပဲ ကြည့်လိုက်ကြစို့နော်.....


0 comments:
Post a Comment