2014 ခုနှစ်မှာ ထွက်ရှိခဲ့ Taiwanese Romance Comedy Film လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ...
အဓိကသရုပ်ဆောင်အဖြစ် သရုပ်ဆောင် , ပရိုဂျူဆာ , ဒါရိုက်တာ စွယ်စုံရ ထိုင်ဝမ် မင်းသားကြီး Alec Su နှင့်အတူ ကျနော်တို့ရဲ့ childhood girl crush ဖြစ်တဲ့ မက်မွန်မြေကချစ်တေးတပုဒ် ဇာတ်လမ်းထဲက ချစ်စရာ ဟွမ်ယုံ လေး ဖြစ်တဲ့ Ariel Lin တို့က ပါဝင် ထားပါတယ် ...
"ချောကလက်"....
အချစ်သင်္ကေတအဖြစ် သတ်မှတ်တဲ့ အစားအစာတစ်ခု ... ချစ်သူများနေ့တွေမှာ ချစ်လက်ဆောင်အဖြစ်ပေးတဲ့ အစားအစာတစ်ခု ... အဲ့လို အချစ်သင်္ကေတဖြစ်တဲ့
ချောကလက်က ... လူသတ်လက်နက်ကြီးတစ်ခုဆိုရင်ရော...?
အဲ့မှာ ဇာတ်လမ်းက စပြီ ... ရီမင် ဆိုတဲ့ ကောင်မလေးရဲ့အဖေက ရဲတပ်ဖွဲ့ မှာ ရာထူးအကြီးဆုံး လူတစ်ယောက်ထဲမှာပါပါတယ် ... ရီမင် ဘာလုပ်လုပ် 'သူ့အဖေကြောင့်ပါကွာ' ဆိုတဲ့ စကားလုံးတွေကြောင့် သူ့အရည်အချင်းကို သေချာ မဖော်ပြနိုင်ခဲ့ဘူး ... ဒါပေမယ့် အဖေတူ သမီးဖြစ်တဲ့ရီမင်လေးက သူ့အဖေလိုပဲ ရဲတစ်ယောက်ဖြစ်ချင်တဲ့သူပါ ... တခြားသူတွေနဲ့မတူ ရီမင် ပိုင်ဆိုင်ထားတဲ့ စွမ်းရည် တစ်ခုက အနံ့ခံ တာသိပ်ကောင်းတာ ... အနံ့တွေကို သေချာ ခွဲခြားတတ်တဲ့သူပေါ့ ... စပ်စုတတ်ပြီး သွက်လက်တဲ့သူလေး ...
နောက်တစ်ယောက်က ချင်းရီဝမ် ... မိဘနှစ်ပါးလုံး ကားအက်စီးဒန့်ဖြစ်ပြီး တဲ့နောက် ဆွေမျိုးဆိုလို့ အစ်ကိုရဲ့သား ( သူ့တူ ) တစ်ယောက်ပဲ ရှိတယ် ... အရာရာအေးဆေးပြီး ပြသနာဖြစ်မှာကြောက်တဲ့သူ ... ဘယ်လောက်ပြသနာဖြစ်မှာကြောက်လဲဆိုရင် ရဲဖြစ်တဲ့ ကာလတစ်လျှောက် သေနတ်တောင် တစ်ခါမှ မပစ်ဖူးတဲ့သူ ...
တစ်နေ့တော့ ခွေးလေးတစ်ကောင်က ချောကလက်စားမိရင်းသေသွားပါတော့တယ် ... ချောကလက်ကို စစ်ကြည့်တဲ့အခါ မပါဝင်သင့်တဲ့ ပစ္စည်းတွေနဲ့ ချောကလက် ကို လုပ်ထားတာမှန်း သိသွားပါတော့မယ် ... အဲ့နောက်မှာတော့ ကွင်းဆက်လူသတ်မှုတစ်ခု ဖြစ်လာပါတော့တယ် ...
ဖြစ်သမျှ လူသတ်မှုတွေအကုန် ချောကလက်နဲ့ပဲ ပတ်သက်နေမှန်း ချင်းရီဝမ် တို့ စုံစမ်းရင်း တဖြည်းဖြည်းသိလာပါတော့တယ် ... ဒါဆို အဆိပ်ချောကလက် ကို ဘယ်သူက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလဲ? ဘယ်လိုတွေကြောင့် ကွင်းဆက်လူသတ်မှု ဖြစ်လာရတာလဲ? သွက်လက်တဲ့ ရီမင် နဲ့ အေးဆေးသမားကြီး ချင်းရီဝမ်တို့ရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို Sweet Alibis ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် ...
Translator : Maw Maw Khaing
Encoder : Ziven
Quality : 720p Blu-ray
File Size : 910 MB
Myanmar Asian TV Channel မှ တင်ဆက်သည် ။


0 comments:
Post a Comment