Social Media

Friday, September 21, 2018

Bounty Hunters ( 2016 )မြန်မာစာတန်းထိုး


အခုတစ်ခေါက် မိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ 2016 မှာ ထွက်ရှိခဲ့တဲ့ Action , Comedy ဇာတ်ကားလေးပါ … အားလုံးလဲ သိပြီးသားဖြစ်မယ့် အာရှိတိုက်ရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ Lee Min-ho , Tiffany Tang , Wallace Chung , Karena Ng , Siu-Wong Fan နှင့် Jones Xu တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် …

ဇာတ်လမ်းအကျဉ်းလေးအရ –

ဝမ်ဘိုယု နဲ့ လီစန် ဆိုတဲ့ ကောင်းလေးနှစ်ယောက်က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့မှာ အလုပ်လုပ်ရင်း ညီအစ်ကိုလို နေကြတဲ့သူတွေပါ … လန်ဒန် မှာ လုပ်ဆောင်ရ မစ်ရှင်ကိုကျဆုံးသွားတဲ့အခါ သူတို့နှစ်ယောက်က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ကနေ အလုပ်ထုတ်ခံခဲ့ရပါတယ် …

အဲ့ဒီနောက်သူတို့ နှစ်ယောက်က ကိုယ်ရံတော် အလုပ်ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့ကြပါတယ် … တစ်နေ့သူတို့နှစ်ယောက်ကိုသတင်းထောက်တစ်ယောက်က ကိုယ်ရံတော်အနေနဲ့ ငှားခဲ့တယ် … သတင်းထောက်က သူ့ဆီလာဖို့ ချိန်းတဲ့အတွက်ကြောင့် လီစန်တို့နှစ်ယောက်က ဆမ် ဆိုတဲ့ လူနဲ့အတူ ချိန်းထားတဲ့ဟိုတယ်ဆီကိုလာခဲ့ပါတယ် …

အခန်းထဲကိုရောက်တဲ့အခါ သတင်းထောက်ကို မတွေ့ရဘဲ ကိတ်မုန့် နဲ့ ဝိုင်တစ်ပုလင်းကိုပဲ တွေ့ရပါတယ် … သတင်းထောက်ဆီဖုန်းဆက်တဲ့အခါ ကိတ်မုန့်ထဲမှာ ဗုံးရှိမှန်းသိသွားတာကြောင့် သူတို့သုံးယောက် အမြန်အခန်းထဲကနေ ပြေးထွက်လာရပါတော့တယ် … ကားပါကင်ကို ရောက်တဲ့အခါ ဘယ်ကမှန်းမသိတဲ့ လူတစ်စုက ဆမ်ဆိုတဲ့လူကိုခေါ်သွားပါတော့တယ် …

လီစန်တို့က ဆမ်ကို ခေါ်သွားတဲ့ ကားနောက်ကို လိုက်နေတဲ့အချိန် မိန်းကလေးနှစ်ယောက်ပါတဲ့ ကားတစ်စီးက လီစန်း တို့ကို ဝင်ရှုပ်ခဲ့ပြီး လီစန် တို့ကို ဖမ်းခ်ါသွားခဲ့တယ် …

ပြသနာဖြစ်ပြီးနောက်ပိုင်း ဟိုတယ် ဗုံးဖောက်ခြင်းရဲ့ သံသယရှိတဲ့လူစာရင်းမှာ လီစန်တို့နှစ်ယောက်နဲ့အတူ ကားနဲ့ဝင်ရှုပ်တဲ့ မိန်းကလေးနှစ်ယောက်လည်း ပါဝင်လာခဲ့ပြီး ဝရမ်းပြေးဘဝသို့ ရောက်ရှိခဲ့ပါတယ် …

အဲ့ဒီနောက် နိုင်ငံအရပ်ရပ်မှာ ဟိုတယ်တွေခဏခဏဗုံးဖောက်ခံရတယ် … ဘယ်သူက ရည်ရွယ်ချက်ရှိရှိနဲ့ဗုံးတွေဖောက်နေတာလဲ ? ဘာလို့ဟိုတယ်တွေကိုမှ ရွေးပြီးဖောက်နေရတာလဲ ? ပြီးတော့ လီစန် တို့ကရော သံသယရှိတဲ့သူစာရင်းက လွတ်အောင် ဘယ်လိုလုပ်မလဲ ? ဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော် …

Action ကိုမှ မပျင်းရစေအောင် ဟာသလေးတွေ ရောနှောပြီး ရိုက်ကူးထားတာကြောင့် ထိုင်ရာကနေ မထချင်တော့ပဲ ဇာတ်လမ်းအဆုံးသတ်ထိ ခေါ်ဆောင်ပေးသွားမှာမို့ မကြည့်ပဲနေရင်တော့ နောင်တရမိမှာနော် …

Rating အရ ကြည့်မယ်ဆိုလဲ IMDb အရ 5.3/10 ရရှိထားတဲ့ Chinese Action , Drama & Comedy ဇာတ်ကားကောင်းလေး တစ်ခုပါ …



 DOWNLOAD HD


About My Tube

we are certified themeforest Developers, Google blogspot developer and UI designers. We are popular at JavaScript engineers. We are team of professinal programmers, developers work together and make unique blogger templates.

0 comments:

Post a Comment

Copyright © All Rights Reserved ™

Blog Templates Designed by: Templatezy / Sb Game Hacker