Social Media

Friday, September 21, 2018

I Am The King(2012)မြန်မာစာတန်းထိုး


ဒီဇာတ်ကားဟာ ကိုရီးယားစာပေစတင်ဖြစ်ထွန်းလာစေတဲ့ ဘုရင်ဆယ်ဂျုံးနန်းမတက်ခင် အိမ်ရှေ့မင်းသားဘဝကာလကို ဇာတ်အိမ်တည်ထားတဲ့ ရသစုံဟာသကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့…
မင်းသားချွန်းယောင်းက ဘုရင့်သားတော်တွေထဲမှာ တတိယမြောက်သားတော်ဖြစ်ပြီး စာဂျပိုးလို့ခေါ်ရလောက်အောင် စာအုပ်တွေကိုပဲ ရူးသွပ်နေတဲ့မင်းသားတစ်ပါးပါ။ မင်းသားချွန်းယောင်းရဲ့
အစ်ကိုတော်ယန်းယောင်းကို ဘုရင်မင်းမြတ်က စိတ်သဘောမတွေ့လှပါဘူး။ ဒါကြောင့် ယန်းယောင်းကို အိမ်ရှေ့စံအရိုက်အရာကနေ ရုတ်သိမ်းပြီး တတိယမြောက်သားတော် မင်းသားချွန်းယောင်းကို
အိမ်ရှေ့စံအရိုက်အရာအပ်နှင်းလိုက်ပါတော့တယ်။ စာအုပ်စာပေတွေနဲ့သာ ပျော်မွေ့လိုပြီး အစ်ကိုတော်ကိုလည်းကြောက်တဲ့မင်းသားချွန်းယောင်းက အိမ်ရှေ့စံမဖြစ်လိုတာကြောင့် နန်းတော်မှ
ထွက်ပြေးခဲ့ပါတော့တယ်။ ပျောက်သွားတဲ့မင်းသားကိုရှာနေတဲ့ကိုယ်ရံတော်နှစ်ပါးက မင်းသားချွန်းယောင်းနဲ့တူတဲ့ဒေါ့ချီဆိုသူကိုတွေ့လိုက်ရတဲ့အခါ လတ်တလောပြဿနာကိုဖြေရှင်းဖို့ ဒေါ့ချီကို
မင်းသားချွန်းယောင်းအယောင်ဆောင်ခိုင်းပါတော့တယ်။
မင်းသားချွန်းယောင်းအယောင်ဆောင်ရတဲ့ဒေါ့ချီက နန်းတော်ထဲမှာ ပိပိရိရိဟန်ဆောင်နိုင်ပါ့မလား။ ထွက်ပြေးသွားတဲ့မင်းသားချွန်းယောင်းကလည်း
သာမန်ပြည်သူတစ်ယောက်အဖြစ်နေထိုင်ရတဲ့အခါ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရမှာလဲ။ မင်းသားချွန်းယောင်းနဲ့ဒေါ့ချီတို့ရဲ့ ဘဝအလှည့်အပြောင်းကို ဟာသတွေနှောရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ မင်းသားချွန်းယောင်းနဲ့ဒေါ့ချီအဖြစ် Ju Ji-hoonက စရိုက်နှစ်မျိုးနဲ့သရုပ်ဆောင်ထားပြီး ပရိသတ်တို့ရဲ့အချစ်တော် Kim So-hyunလေးလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။


DOWNLOAD SD


DOWNLOAD HD


About My Tube

we are certified themeforest Developers, Google blogspot developer and UI designers. We are popular at JavaScript engineers. We are team of professinal programmers, developers work together and make unique blogger templates.

0 comments:

Post a Comment

Copyright © All Rights Reserved ™

Blog Templates Designed by: Templatezy / Sb Game Hacker