ဒီဇာတ်ကားလေးက ငရဲကြီးရှစ်ထပ်အကြောင်းကို ရိုက်ပြထားတဲ့ ကိုရီးယားဇာတ်ကားလေးဖြစ်ပါတယ် အပြစ်မျိုးစုံကျူးလွန်ခဲ့ကြပြီး နောက်ထပ်လူပြန်ဖြစ်ဖို့အတွက် နှစ်ပေါင်းထောင်ချီ အပြစ်ကိုပေးဆပ်နေကြရတဲ့ ဘုရားရဲ့ အစောင့်အရှောက်တွေ အကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ် ဘုရင် ရွန်မ်မရာ ဟာ စောင့်ရှောက်သူ ဂန်လင်းကို သူ့ရဲ့ အပြစ်ကိုဆေးကြောဖို့အတွက် နှစ်ပေါင်းထောင်ချီ စိတ်ဒဏ်ရာနဲ့နေစေခဲ့တာဖြစ်ပါတယ် သူ့အနားမှာလည်း ဟယ်ဝန်မက် နဲ့ ဒေါ့ချွန်းဆိုတဲ့ သူနှစ်ယောက်ရှိတယ် ဂန်လင်းက သူ့ရဲ့အပြစ်ကိုဆေးကြောဖို့ သူနောက်တစ်ခါလူပြန်ဖြစ်ဖို့ ဝိဥာဉ်၄၉ခုကို ကယ်တင်ရမှာဖြစ်ပါတယ် ကင်ဆူဟွန်း ဆိုတဲ့ မတရားသတ်ခံခဲ့ရတဲ့ သူရဲ့အမှုကို တရားမှုရဖို့ အတွက် သူ့ရဲ့ ရပိုင်ခွင့်တွေကိုလောင်းပြီး သူသတ်မှတ်ချိန်အတွင်း အမှုကိုဖော်ရမှာဖြစ်ပါတယ် သူ့ရဲ့ဘေးနားကနှစ်ယောက်ကိုကျတော့ လူ့ပြည်ကို သက်တမ်းစေ့နေတဲ့ အဖိုးကြီးကို အခေါ်လွှတ်လိုက်တာ ပြန်မလာတော့တဲ့ နတ်ဘုရား ဆောင်ဂျူကို ရှင်းပြီး အဖိုးကြီးကိုပြန်ခေါ်ဖို့ လွှတ်ပြီး တာဝန်ခွဲခဲ့ကြပါတယ် ဒီလိုနဲ့ ကိုယ်စီ တာဝန်တွေကျေကြမလား နောက်ထပ်ပြန်မွေးဖွားခွင့်တွေရကြမလားဆိုတာကိုတော့ ဒီဇာတ်ကားမှာတွေ့မြင်ရမှာပါ လူတွေနေ့တိုင်း စိတ်ပင်ပန်း ဆင်းရဲနေရတဲ့ သက်ရှိ လောကကြီးကရော ငရဲပဲလား ဘယ်တော့မှ မေ့မရတဲ့ စိတ်ဒဏ်ရာတွေကို ရင်ထဲကထုတ်မရပဲနေနေရတာဟာလည်း ငရဲပဲလားဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးလည်းဖြစ်လို့ ကြည်ကြည့်လိုက်ပါဦးနော်
Social Media
Sunday, September 23, 2018
Along With the Gods: The Last 49 Days (2018) မြန်မာစာတမ်းထိုး
About My Tube
we are certified themeforest Developers, Google blogspot developer and UI designers. We are popular at JavaScript engineers. We are team of professinal programmers, developers work together and make unique blogger templates.
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment