Ethen Hunt တို့ရဲ့ IMF အဖွဲ့ကတော့ နောက်ထပ် impossible mission တစ်ခုဖြစ်တဲ့ plutoniumတွေနောက်ကိုလိုက်နေပါပြီ…
Apostles လို့ခေါ်တဲ့လျှို့ဝှက်ဒုစရိုက်အဖွဲ့အစည်းတွေနဲ့ John Lark(နာမည်အတု)ဆိုသူတို့ပူးပေါင်းပြီး ကမ္ဘာဖျက်ကြမယ့်အကြံကို
Ethen တို့တားရမှာပါ… ဒီလိုနဲ့ CIA agent ဖြစ်တဲ့ Walker နဲ့Ethen တို့အတူ Plutonium တွေကို ဘယ်လိုဖြတ်လုကြမလဲဆိုတာကို အရင်MI ဇာတ်ကားတွေလိုပဲ Action scene အမိုက်စားတွေနဲ့ ကြည့်ရှုရမှာပါ
Fallout မှာ စိတ်လှုပ်ရှားစရာ၂ခုမှာ တစ်ခုက အရင် Syndicates အဖွဲ့ခေါင်းဆောင် Solomon Lanesပြန်ပါလာတာရယ်…
နောက်တစ်ခုက Ethen တို့နဲ့ပူးပေါင်းမယ့် လူသစ်Walker က ကျွန်တော်တို့ရဲ့အချစ်တော် Superman မင်းသားကြီး Henry Cavil ပါပဲ…
ဒီနေရာမှာ အရင်ကအကြမ်းဖက်ခေါင်းဆောင် Lanes နဲ့ အခု Apostles တွေနဲ့ဘယ်လိုဆက်စပ်နေတာလဲ???
John Lark ဆိုသူရဲ့နာမည်အရင်းကကောဘယ်သူလဲ???
ဒီတစ်ခါ Impossible missionတစ်ခုမှာလည်း Plot twist တွေနဲ့ ကြည့်ရမှာဆိုတော့ သိပ်ပြီးမညွှန်းတော့ပါဘူး
IMDB Rating 8.1 အထိရထားတာဆိုတော့ ကြည့်လို့ကောင်းမှာ အမှန်ပါပဲ


0 comments:
Post a Comment