Social Media

Monday, November 19, 2018

Final Score (2018) မြန်မာစာတမ်းထိုး


2018မှ အသစ်ထွက်ရှိထားတဲ့ဇတ်ကားကောင်းလေးပါ
ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ action ကားကောင်းကောင်းကိုမှ ကြိုက်တဲ့သူတွေအတွက် Final Score ဆိုတဲ့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းပါတယ်နော်။ ၂၀၁၈ စက်တင်ဘာ ၇ ရက်နေ့က ထွက်ခဲ့ပြီးတော့ ရင်တမမနဲ့ ကြည့်ရမယ့်ကားကောင်းတစ်ကားပါ။
       
ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့စရိုက်ပုံစံတွေရှိတဲ့ တော်လှန်ရေးသမားညီအစ်ကိုနှစ်ယောက် က နိုင်ငံတော်ကိုပုန်ကန်မှုနဲ့ အကိုက အသတ်ခံခဲ့ရပြီး ညီဖြစ်သူကတော့ ထောင်ကျခဲ့တာပါ။ ညီဖြစ်သူက ထောင်ကလွတ်လာပြီးတဲ့နောက်မှာ အကြမ်းဖက်မှုတွေလုပ်ရင်းနဲ့ ဆက်လက်ရှင်သန်ခဲ့ပြီးတော့ သေသွားပြီလို့ သိထားခဲ့တဲ့ သူ့ရဲ့အကိုပြန်ပေါ်လာတဲ့အခါမှာ ဘာတွေများဆက်ဖြစ်လာဦးမလဲ။ အဲ့ဒီ့အပြင် တိုက်ပွဲပေါင်းများစွာမှာ ရန်သူတွေကို လက်တွဲပြီးတိုက်ပွဲဝဝ်ခဲ့ကြတဲ့သူငယ်ချင်းက ကိုယ့်ရဲ့အသုံးမကျမှုတွေကြောင့် ကျဆုံးခဲ့ရတယ်ဆိုပြီးတော့ ယူကြုံးမရဖြစ်ပြီး သူငယ်ချင်းရဲ့ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေကို သူ့ရဲ့မိသားစုတွေလို စောင့်ရှောက်ပေးနေတဲ့ စစ်ပြန်ကြီးတစ်ယောက်။ သူစောင့်ရှောက်ပေးနေတဲ့ကောင်မလေးကို ညီအကိုနှစ်ယောက်ထဲက ညီကပြန်ပေးဆွဲလိုက်တဲ့အခါမှာ ဘယ်လိုမျိုးတွေ စွန့်စွန့်စားစားနဲ့ ကယ်တင်ရမှာလဲ။ ဒါ့အပြင် လူပေါင်းမြောက်များစွာရှိနေတဲ့ အိမ်ကွင်းဘောလုံးပွဲမှာ ချိန်ကိုက်ဗုံးတွေကိုတပ်ဆင်ပြီး ခြိမ်းခြောက်မှုတွေလုပ်ကြတဲ့လူတစ်စုရဲ့ ရက်ရက်စက်စက်လုပ်ရပ်တွေကိုရော အချိန်မီတွန်းလှန်နိုင်ပါ့မလား။ ဒါတွေအပြင် မိဘနဲ့သားသမီးကြားက နားလည်မှုအလွဲလေးတွေ၊ ဆယ်ကျော်သက်အရွယ်တွေရဲ့အချစ်အပေါ်ရူးသွပ်မှုတွေကြောင့် အသက်အန္တရာယ်တွေကိုပါ စိုးရိမ်ရတဲ့အထိဖြစ်ပျက်မှုတွေကို အသည်းတယားယားနဲ့ ကြည့်ရမယ့်ဇာတ်ကားပါ။ ဖြူစင်တဲ့မေတ္တာတရားတွေ ၊ အောက်တန်းကျတဲ့ရက်စက်ယုတ်မာမှုတွေအပြင် နောက်ထပ်ဘယ်လိုမျိုးရသတွေကိုပေးစွမ်းထားသေးလဲဆိုတာသိချင်တယ်ဆိုရင်တော့ Final Score ဆိုတဲ့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါနော်…………


DOWNLOAD SD (300MB) 



About My Tube

we are certified themeforest Developers, Google blogspot developer and UI designers. We are popular at JavaScript engineers. We are team of professinal programmers, developers work together and make unique blogger templates.

0 comments:

Post a Comment

Copyright © All Rights Reserved ™

Blog Templates Designed by: Templatezy / Sb Game Hacker