ငယ်ငယ်တုန်း က မှုန်တုန်ဝါးတား နဲ့ ကြည့်ခဲ့ရတဲ့ ကားလေးပေါ့ဗျာ။
ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဟာ စစ်ပွဲ အခြေအနေ ဆိုးရွားမှုတွေ နဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ သမရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေ နဲ့ စစ်နိုင်အောင် ကြိုးပမ်းဖို့ ကြံစည်ခဲ့ကြတယ်။
သူရ်လ် လို့ ခေါ်တဲ့ လောကီပညာရှင် (မှော်ဆရာ)ဂိုဏ်း နဲ့ ဆက်သွယ်ပူးပေါင်းပြီး တခြား လောကတစ်ခုရဲ့ ဝင်ပေါက် ကို ဖွင့်လှစ်လို့ သဘာဝ မဆန်တဲ့ သတ္တဝါတွေ အကူအညီ နဲ့ စစ်ပွဲကို အနိုင်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်။
အမေရိကန် သမ္မတ ရုစဗဲ့ ရဲ့ လက်အောက် က သဘာဝလွန်ထိန်းသိမ်းကြီးကြပ်ရေး အဖွဲ့ကနေ စစ်ဆင်ရေးတစ်ခုအနေနဲ့ သွားရောက်တားဆီးကြပေမဲ့ ဝင်ပေါက်ကို အချိန်မီ မပိတ်လိုက်နိုင်တဲ့ အတွက် ထူးဆန်းတဲ့ အနီရောင် ကောင်လေး တစ်ယောက် က ၄င်းဝင်ပေါက်ကနေ ရောက်ရှိလာခဲ့တယ်။
အဲဒီကောင်လေး ကြီးလာတဲ့ အခါ ဘာတွေ ဆက်ဖြစ်မှာလဲ ဆိုတာ ကို ကြည့်ရင်း
နာဇီတွေရဲ့ ဇာတ်လမ်း ကရော ရပ်သွားပြီလား၊ ဆက်ဦးမှာလား ဆိုတာ ကို သိရအောင် စောင့်ကြည့်ကြပါစို့…။
Hell Boy ဟာ အခု အချိန်မှာ နံပါတ် ၁ နဲ့ နံပါတ် ၂ ထွက်ရှိထားပြီးတော့
၂၀၁၉ မှာ နံပါတ် ၃ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
Translator : သိဒ္ဓိဝင် ဇီဝက
Encoder : ဇွန်မြတ်နိုးဆွေ


0 comments:
Post a Comment