ကဲ... ကြောက်လန့်ဖွယ်
Halloween Day မှာပဲ
အိမ်မှာ ကိုယ့် TV ရှေ့ ကိုယ်ထိုင်ပြီး
The Nan ကို ကြည့်လို့ရအောင်
Admin နဲ့ Translator က ကြိုးစားပေးလိုက်ပါပြီ
အမှန်က ဘာသာပြန်လို့ပြီးတာ ၃ ရက်တော့ ရှိပြီ
အမှားကင်းအောင် သေချာစိစစ်နေတာ
နောက်ကျသွားတာ ခွင့်လွှတ်ပေးပါလို့...
The Nan ဟာ Korean Sub အသေ နဲ့
HD Rip အဖြစ်သာ ထွက်ရှိလာပါသေးတယ်...
Korean Sub အသေ ဆိုတော့ မြန်မာစာနောက်မှာ
Black Shadow သေချာအုပ်ပေးထားလို့ ကြည့်ရ အဆင်ပြေမှာပါ
အသံပိုင်းဆိုင်ရာနဲ့ ရုပ်ထွက်ပိုင်းတော့ အားနည်းနေပါအုံးမယ်
BluRay ထွက်ဖို့လဲ ကြာအုံးမယ်ဆိုတော့ ဒါလေးပဲ အရင်ကြည့်နှင့်ပါ
စာတန်းထိုးမူရင်းကလဲ ရာခိုင်နှုန်း နည်းနည်းပဲ မှန်တော့
Translator ညီလေး ဟိန်းသက်နိုင်က သေချာနားထောင်ပြီး
ပြန်ပေးထားလို့ အမှားလေးတွေ လိုအပ်ချက်လေးတွေ ရှိရင်ခွင့်လွှတ်ပေးကြပါ...
ကဲ ကြည့်လိုက်ရအောင်လား :D
===================================
ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ
ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ်
သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့
နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က
Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့
မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ
မျက်လုံးထဲပြေးမလွတ်ပါဘူး
အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က
evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့်
အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါ
ဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က
စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ်
ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့
ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့
ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ်
ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က
ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း
အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့
ပတ်သတ်မိကြတော့တာပါပဲ
ဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့
Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ
ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့
Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်
ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်
Rating အနေနဲ့ကတော့IMDb 5.7 ဖြစ်ပြီး
Rotten Tomatoes မှာ 26% ရထားပါတယ်
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး
အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
(The Nan ဟာ KORSUB အသေပါပြီး HDrip ဖြစ်တဲ့အပြင်
စာတန်းထိုး မူရင်းကကို အမှန်မထွက်သေးတဲ့အတွက်
Translator ကအကြားဖြင့်သာ သေချာနားထောင်ပြီး
အကောင်းဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ် )


ဒေါင်းမရဘူးခင်ဗျ
ReplyDelete